
You may have the power.
Don't just let it fade.
သွေးရည်ကြည်ကုထုံးသည် မြန်မာနိုင်ငံ၌ လတ်တလောအခြေအနေတွင် စမ်းသပ်မှု ပြုဆဲ
ဖြစ်သည့် ကုထုံးတခုသာဖြစ်ပါသည်။

ဘယ်သူတွေ အသက်ဆုံးရှုံးနေကြပါသလဲ?။
ဘာကြောင့် သင်တို့ ဂရုစိုက်ဖို့လိုအပ်ပါသလဲ?။

ရောဂါအခံရှိသောသူများ အသက်ဆုံးရှုံးနေကြပါသည်။
ငယ်ရွယ်သူဖြစ်စေကာမူ ရောဂါအခံ ရှိလျှင် သို့မဟုတ် ရှိလျက်နှင့် မသိခဲ့လျှင် အသက်ဆုံးရှုံးနိုင်ပါသည်။
အသက်အရွယ်ကြီးသူများ အသက်ဆုံးရှုံးနေကြပါသည်။
သေဆုံးမှုများ၏ ၇၀ရာခိုင်နှုန်းကျော်သည် အသက် ၆၅ နှစ်နှင့် အထက် အသက်အရွယ်ရှိသူများဖြစ်ကြပါသည်။
၄၅ နှစ် မှ ၆၅ နှစ်ကြား အသက်အရွယ် ရှိသူများ၏ သေဆုံးမှူမှာ ၂၃ရာခိုင်နှုန်းရှိပါသည်။
What is Convalescent Plasma?
ကျွန်ုပ်တို့အတွက် သဘာဝမှ ပေးအပ်ထားသော ကိုယ်ခံစွမ်းအား
သွေးရည်ကြည်ဆိုသည်မှာ ခန္ဓာကိုယ် အတွင်းရှိ သွေးပမာဏ၏ ၅၀ရာခိုင်နှုန်းကို ဖွဲ့စည်း
ထားသော အဝါရောင်အရည်ကြည်ဖြစ်ပါသည်။
ရောဂါပိုးကူးစက်ခံရပါက ထိုရောဂါပိုးကို တိုက်ထုတ်နိုင်ရန် ပဋိပစ္စည်းများကို သင့်ခန္ဓာကိုယ်မှ ထုတ်ပေးပါသည်။
ကိုရိုနာ ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသော သူ၏ သွေးရည်ကြည်တွင် ၎င်းရောဂါပိုးကို တိုက်ထုတ်နိုင်သော ပဋိပစ္စည်းများ ရှိနေသဖြင့် ရောဂါ ခံစားနေရသောလူနာများသို့ ကုသရာတွင် အထောက်အပံ့ ဖြစ်စေပါသည်။

Is Convalescent Plasma safe and effective for COVID-19?
သွေးရည်ကြည်ကုထုံးသည် Covid -19 ရောဂါအတွက် လုံခြုံစိတ်ချရပြီး အကျိုးရှိသော ကုထုံးဖြစ်ပါသလား?။

Fact 1
၂၀၁၄ ခုနှစ် Ebola ရောဂါဖြစ်ပွားမှုတွင် သွေးရည်ကြည်ကုထုံးဖြင့် ကုသခဲ့ရာ အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။

Fact 2
ပြန်လည်ကျန်းမာလာသောသူများ၏ သွေးရည်ကြည်ကို အသုံးပြု၍ ကုသမှုကို ၁၈၉၂ ခုနှစ်တွင် စတင်ခဲ့ကြသည်။ရောဂါကုသသော နည်းလမ်းအသစ်မဟုတ်ပါ။ကမ္ဘာတဝှမ်းလုံးတွင် အမျိုးမျိုးသော ဗိုင်းရပ်စ်များကုသနိုင်ရန် သွေးရည်ကြည် ကုထုံးကို ယနေ့ထိတိုင် အသုံးပြု၍ကုသနေဆဲဖြစ်သည်။ထိုကုထုံးသည် ကျွန်ုပ်တို့၏ ခေတ်သစ်ဆေးပညာသမိုင်းတွင် အရှည်ကြာဆုံးသော
ကုထုံးများအနက် တစ်ခုဖြစ်သည်။

Fact 3
လက်တွေ့စမ်းသပ်မှုများမှ တွေ့ရှိရသော အချက်အလက်အထောက်အထားများအရ သွေးရည်ကြည်ကုထုံးဖြင့် Covid-19 ရောဂါ ကုသနိုင်ရန် အရေးပေါ် အသုံးပြု ခွင့်ကို ၂၀၂၀ခုနှစ်၊ဩဂုတ်လ ၂၃ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။
What is the process of plasma donation?
သွေးရည်ကြည်လှူဒါန်းရန် မည်ကဲ့သို့ အဆင့်ဆင့် ဆောင်ရွက်ရပါမည်လဲ? ။

သွေးလှူဒါန်းနိုင်ရန်အတွက် ကျန်းမာရေးအခြေအနေဆန်းစစ်ရန်နှင့် လှူဒါန်းမည့်နေ့ကို စီစဉ်ပေးရန် ဆရာဝန်မှ သင့်အားဖုန်းဖြင့် ဆက်သွယ်ပါမည်။

သင်၏ သွေးနမူနာယူ၍ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ပါမည်။
သွေးလှူဒါန်းရမည့် နေ့ရက်နှင့်အချိန်ကို ပြန်လည် အသိပေးပါမည်။

လှူဒါန်းရမည့်နေ့တွင် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်ရပါမည်။
သွေးလှူဒါန်းချိန်သည် မိနစ် ၃၀ မှ ၁ နာရီခန့်ကြာမြင့်နိုင်ပါသည်။


JOIN OUR BATTLE
ABOUT US
ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid-19 လူနာများအတွက်
သွေးရည်ကြည်ကုထုံးဖြင့် စမ်းသပ် ကုသမှုပေးခြင်းကို အကြံဉာဏ်ပေးရန် ဖွဲ့စည်းထားသည့် လုပ်ငန်းဆိုင်ရာ အဖွဲ့ဖြစ်ပြီး ယခင် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ရဲမြမှ ဦးဆောင်ပါသည်။
ပါမောက္ခ ဒေါက်တာ ရဲမြသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော သွေးနှင့်သွေးပစ္စည်းများ ပြင်ဆင်၊သုံးစွဲမှုဆိုင်ရာ စောင့်ကြည့်/ကြပ်မတ်ရေးကော်မတီ၏ အဖွဲ့ဝင်တဦးလည်းဖြစ်ပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၌ Covid -19 ရောဂါကုသရာတွင် သွေးရည်ကြည် ကုထုံးဖြင့်စမ်းသပ် ကုသနိုင်ရေးအတွက် အကြံဉာဏ် ပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြုထားသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။

COVID -19 ရောဂါတိုက်ထုတ်ဖို့ ပူးပေါင်းပါဝင်ကြပါစို့။